မြန်မာ့ပျားမွေးမြူရေးကဏ္ဍ တိုးတက်စေရေးအတွက် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများလိုအပ်



မြန်မာ့ပျားရည်သည်   အရည်အသွေး ကောင်းသောကြောင့် နိုင်ငံတကာဈေးကွက် တွင်   ကောင်းမွန်သည့် တုံ့ပြန်မှုများရရှိ ထားသဖြင့် မြန်မာ့ပျားမွေးမြူရေးကဏ္ဍ တိုးတက်စေရေးအတွက် ပုဂ္ဂလိကရင်းနှီး မြှုပ်နှံမှုများ လိုအပ်လျက်ရှိကြောင်း မြန်မာနိုင်ငံ ပျားမွေးမြူရေး အသင်းဥက္ကဋ္ဌ ဦးအောင် ခိုင်ထွေး၏ပြောဆိုချက်အရ သိရသည်။

မြန်မာ့ပျားရည်က အရည်အသွေး ကောင်းတဲ့အတွက် နိုင်ငံတကာဈေးကွက်မှာ နာမည်ရနေတာဖြစ်ပါတယ်။ ဈေးကွက် အခွင့်အလမ်းတွေလည်း များစွာရှိတဲ့ အပြင်  အကျိုးအမြတ်ရှိတဲ့ လုပ်ငန်းလည်း ဖြစ်ပါတယ်။ နည်းပညာနဲ့ပတ်သက်ပြီး တက္ကသိုလ် တွေ၊   ဌာနဆိုင်ရာတွေနဲ့  အသင်းအဖွဲ့ တွေက  ပံ့ပိုးကူညီပေးနေပါတယ်။ ဒါပေမဲ့ ပျားမွေးမြူရေးကဏ္ဍမှာ   လိုအပ်ချက်ကတော့ အသေးစားချေးငွေတွေ ထုတ်ချေး ပေးဖို့နဲ့     ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုတွေ     ဝင်ရောက်ဖို့ ဖြစ်ပါတယ်။ ပျားရည် အဓိက တင်ပို့တာကတော့ ဂျပန်နိုင်ငံကိုပါဟု  ဦးအောင်ခိုင်ထွေးကပြောသည်။

ပျားမွေးမြူရေးတွင် ပျားရည်အပြင် ပျားထွက်ပစ္စည်းများကိုလည်း ထုတ်လုပ်နိုင်ကာ ပျားရည်ထုတ်လုပ်မှု ကုန်ကျစရိတ်မှာ တစ်ပိဿာလျှင် ငွေကျပ် ၁၈၀၀ ခန့်ရှိပြီး ရောင်းချရသည့်ဈေးမှာ တစ်ပိဿာလျှင် ပျမ်းမျှ ငွေကျပ် ၂၃၀၀ ခန့်ရှိကြောင်း၊ ပျားအုံ ၃၀၀ ခန့်မွေးမြူနိုင်ပါက တစ်နှစ် လျှင် ဝင်ငွေ ငွေကျပ် ၃၆ သိန်းကျော်အထိ ရရှိနိုင်ကြောင်း သိရသည်။    

ဆုလာဘ်

Post a Comment

0 Comments