ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ သတင်းထုတ်ပြန်ချက်



၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်

၁။      ပြည်ထောင်စု‌ရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့)မြို့နယ်နှင့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်တို့၏ ဆန္ဒမဲပေးမှုများကို စစ်ဆေးခဲ့သည်။

၂။       စစ်ဆေးတွေ့ရှိချက်များအရ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင် ယခင်ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ကြေညာခဲ့သည့် မဲဆန္ဒရှင်စာရင်းမှာ  ၁၀၇၂၃၂ ဦး ဖြစ်ပြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏  ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ စာရင်းအရ အသက် (၁၈)နှစ် ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများမှာ ၁၁၇၄၅၁ ဦး ဖြစ်သည်။ မဲဆန္ဒရှင် စာရင်းများတွင် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ၊ လက်မှတ်မရှိသူများမှာ ၂၁၉၁၄ ဦး၊ နိုင်ငံသား စိစစ်ရေးကတ်ပြားအမှတ် တစ်ခုတည်းဖြင့် မဲစာရင်းတွင် (၃) ကြိမ်နှင့်အထက် ပါဝင်နေသူ များမှာ ၁၅၁၅ ဦး၊ (၂)ကြိမ်ပါဝင်နေသူများမှာ ၁၁၉၄၂ ဦး ဖြစ်သည်။

၃။      ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့)မြို့နယ်တွင် ယခင်ရွေးကောက်ပွဲကော်မရှင် က ထုတ်ပြန် ကြေညာခဲ့သည့် မဲဆန္ဒရှင်စာရင်းမှာ ၃၆၂၅၈၅ ဦး ဖြစ်ပြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏  ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ စာရင်းအရ အသက် (၁၈)နှစ် ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများမှာ ၁၂၂၅၄၆ ဦး ဖြစ်သည်။ မဲဆန္ဒရှင် စာရင်းများတွင် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ၊ လက်မှတ်မရှိသူများမှာ ၇၂၂၈၈ ဦး၊ နိုင်ငံသား စိစစ်ရေးကတ်ပြားအမှတ် တစ်ခုတည်းဖြင့် မဲစာရင်းတွင် (၃) ကြိမ်နှင့်အထက် ပါဝင်နေသူများမှာ ၃၇၂ ဦး၊ (၂)ကြိမ်ပါဝင်နေသူများမှာ ၁၃၃၇၈ ဦး ဖြစ်သည်။

၄။      ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်တွင် ယခင်ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန် ကြေညာခဲ့သည့် မဲဆန္ဒရှင်စာရင်းမှာ  ၃၂၄၉၁၃ ဦး ဖြစ်ပြီး၊ စိစစ်တွေ့ရှိရသည့်စာရင်းမှာ ၃၂၈၅၉၇ ဦး ဖြစ်သဖြင့် ၃၆၈၄ ဦး ကွာခြားလျက်ရှိသည်။ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏  ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ စာရင်းအရ အသက် (၁၈)နှစ် ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများမှာ ၂၇၉၃၁၅ ဦး ဖြစ်သည်။ မဲဆန္ဒရှင်စာရင်းများတွင် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ၊ လက်မှတ်မရှိသူများမှာ ၂၃၃၁၈ ဦး၊ နိုင်ငံသား စိစစ်ရေးကတ်ပြားအမှတ် တစ်ခုတည်းဖြင့် မဲစာရင်းတွင် (၃) ကြိမ်နှင့်အထက် ပါဝင်နေသူ များမှာ ၂၇၅၁ ဦး၊ (၂)ကြိမ်ပါဝင်နေသူများမှာ ၃၄၆၆၄ ဦး ဖြစ်သည်။

၅။      မြို့နယ်အလိုက် စစ်ဆေး တွေ့ရှိချက်မှာ အောက်ပါအတိုင်း ဖြစ်သည်-

 

မြို့နယ်အလိုက် မဲဆန္ဒရှင်စာရင်းများ စိစစ်တွေ့ရှိမှု



ပြည်ထောင်စု‌ရွေးကောက်ပွဲကော်မရှင်



Post a Comment

0 Comments