နေပြည်တော် ဖေဖော်ဝါရီ ၂၃
COVID-19 ရောဂါဖြစ်ပွားမှုကြောင့် စာသင်ကြားမှုများအား ရပ်ဆိုင်းထားရှိရာ မှ ပြန်လည်ဖွင့်လှစ်ခွင့်ရရှိပါက ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်စေရန်နှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးအတွက် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် အသီးသီးမှ တပ်မတော်သားများက အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများနှင့် လိုအပ်သည့် ထိန်းသိမ်း စောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်း မြို့နှင့် မိုင်းပန်မြို့တို့ရှိ အခြေခံပညာ အထက်တန်းကျောင်းများ၊ ရခိုင်ပြည်နယ်၊ စစ်တွေ၊ အမ်း၊ တောင်ကုတ်၊ ဂွမြို့၊ သံတွဲ၊ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ မောင်တောမြို့နယ် များရှိ အခြေခံပညာ အထက်တန်းကျောင်းများ၊ အခြေခံပညာအလယ်တန်းကျောင်းများ၊ အခြေခံပညာမူလတန်းလွန်ကျောင်း များနှင့် အခြေခံပညာမူလတန်းကျောင်းများ၊ ပဲခူး တိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ရေနီမြို့၊ အခြေခံပညာ အထက်တန်းကျောင်းနှင့် ရွှေကျင်မြို့၊ ရှမ်း/ကြေးရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်းတို့၌ သက်ဆိုင် ရာတိုင်းစစ်ဌာနချုပ်အသီးသီးမှ နယ်မြေခံ တပ်မတော်သားများက ကျောင်းဝင်းများအတွင်းရှိ ချုံနွယ် ပေါင်းမြက်များ ခုတ်ထွင် ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်းနှင့် စာသင်ဆောင်များ အတွင်း/အပြင် သန့်ရှင်းရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ပေးသည်။
ယင်းသို့ ဆောင်ရွက်နေမှုများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
(၁၀၀)
0 Comments