မုံရွာမြို့နှင့် လယ်ဝေးမြို့နယ်တို့၌ CDM လှုပ်ရှားသူများက နိုင်ငံ့တာဝန်ထမ်းဆောင်နေသည့်ဝန်ထမ်းများအား CDM တွင်ပါဝင်စေရေး Social Punishment ဖိအားပေးလုပ်ဆောင်

 



နေပြည်တော်  ဖေဖော်ဝါရီ  ၂၃

CDM လှုပ်ရှားသူများသည် CDM လှုပ်ရှားမှုများတွင်မပါဝင်သော နိုင်ငံ့ဝန်ထမ်းများအား ဆန့်ကျင်နှောင့် ယှက်ခြင်း၊ ခြိမ်းခြောက်ဖိအားပေးအကျပ်ကိုင်ခြင်း၊ လူအများကြားတွင် မကြားဝံ့မနာသာ ပြောဆိုအရှက်ခွဲ ခြင်းနှင့်  Social Punishment ပြုလုပ်ခြင်းတို့ကို  ဆောင်ရွက်လျက်ရှိသည်။

မုံရွာမြို့၌ ဖေဖော်ဝါရီ ၂၂ ရက်တွင် CDM လှုပ်ရှားသူများက နိုင်ငံ့ဝန်ထမ်းများအား CDM လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်ရန် အတင်းအဓမ္မဖိအားပေးခြင်း၊  စိတ်အနှောင့်အယှက်ဖြစ်စေရန် အကျပ်ကိုင်ခြိမ်းခြောက်ခြင်း၊ Social Punishment ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည့်အပြင် ပုံမှန်ရုံးတက် တာဝန်ထမ်း ဆောင်လျက်ရှိသည့် ဌာနအကြီးအကဲ အရာထမ်းကိုးဦးတို့၏ ဓာတ်ပုံပိုစတာများချိတ်ဆွဲ၍ CDM ပြုလုပ်နေ သည့် ဝန်ထမ်းများအား ဖိနှိပ်နေသည့်အရာရှိဆိုးများအဖြစ် လူတစ်ဦးချင်းစီ၏ အခွင့်အရေး နစ်နာဆုံးရှုံး စေသည့်   ဂုဏ်သိက္ခာညှိုးနွမ်းထိခိုက်စေရန်  ပြုလုပ် ဆောင်ရွက်ကြသည်ကို တွေ့ရှိရသည်။

ထို့အတူ နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ သစ်ပုတ်ပင်ကျေးရွာ၊ အခြေခံပညာ အထက်တန်း ကျောင်း၌ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများက  လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ရန် ပြင်ဆင် ဆောင်ရွက်စဉ်  သစ်ပုတ်ပင်ကျေးရွာ၊ အမှတ်(၅)ရပ်ကွက်နေ  အာကာစိုး(ဘ)ဦးဝင်းဘို  ဦးဆောင်သော အဖွဲ့က  အစည်းအဝေးမကျင်းပနိုင်ရန်အတွက် လာရောက်နှောင့်ယှက်ခဲ့သဖြင့် အစည်းအဝေးကျင်းပနိုင်ခြင်း မရှိကြောင်း သိရှိရသည်။

ထိုကဲ့သို့  Social Punishment ပြုလုပ်၍ CDM   လုပ်ဆောင်ရန်  အကျပ်ကိုင်ခြိမ်း ခြောက်ဖိအား ပေးမှုများသည် နိုင်ငံတာဝန်ထမ်းဆောင်နေသော နိုင်ငံ့ဝန်ထမ်းကောင်းများအပေါ် လူတစ်ဦးချင်း၏ လွတ်လပ်ခွင့်နှင့် အခွင့်အရေးများ ဆုံးရှုံးစေပြီး လူမှုပတ်ဝန်းကျင်တွင် အရှက်ရစေရန် ပြုမူဆောင်ရွက် ခံရခြင်းများဖြစ်သဖြင့်  နိုင်ငံ့ဝန်ထမ်းများအပေါ်  CDM လုပ်ဆောင်ရန်   အတင်းအကျပ်ဖိအား ပေး   အကျပ်ကိုင်ခြိမ်းခြောက်ဟန့်တားမှုများကြုံတွေ့ရပါက   တိုင်ကြားနိုင်ကြောင်း၊     နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီမှ အသိပေးချက်များထုတ်ပြန်ထားရှိသဖြင့် CDM လှုပ်ရှားမှုတွင် ပါဝင်ဆောင်ရွက်ခြင်းမရှိ၍ မိသားစုများ၏လုံခြုံရေးကိုပါ ခြိမ်းခြောက်ခံရသောဝန်ထမ်းများက သက်ဆိုင်ရာသို့ တရားဝင်တိုင်ကြားမှုများ ပြုလုပ်လာကြကြောင်းနှင့်   Social Punishment ပြုလုပ်မှုများ၊ အခြားဖိအားပေး အကျပ်ကိုင်မှုပြု လုပ်နေသူ   အဓမ္မဝါဒီသမားများအား တည်ဆဲဥပဒေများနှင့်အညီ  ထိရောက်စွာအရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

(၁၀၀)

Post a Comment

0 Comments