နေပြည်တော် ဖေဖော်ဝါရီ ၂၃
COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊
ကုသမှုလုပ်ငန်းများ ဆောင်ရွက်နေစဉ် ကာလအတွင်း သွားလာမှု ကန့်သတ်ချက်များကြောင့် ဒေသခံပြည်သူများ
စားရေးအဆင်ပြေစေရန်အတွက် နယ်မြေခံတပ်မတော်သားများက ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများကို
အိမ်အရောက် လိုက်လံပေးဝေလှူဒါန်းလျက်ရှိသည်။
ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊
ရေထွက်ကျေးရွာရှိ အိမ်ထောင်စု ၆၀၀ စုတို့အတွက် ဆန်နှင့်ဆီများကို အလယ်ပိုင်းတိုင်း
စစ်ဌာနချုပ်မှ တာဝန်ရှိသူများက ပြည်သူများလက်ဝယ် အရောက်သွားရောက် ပေးအပ်ခဲ့ကြောင်း
သတင်းရရှိသည်။
0 Comments