ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်အတွင်း ကေအင်န်ယူ၊ တမဟ(၃)၊ ရင်း(၈)အဖွဲ့မှ ထောင်ထားသည့် ကားမိုင်းဟုယူဆရသော ဒေသန္တရကားမိုင်း ၁ လုံး နင်းမိပေါက်ကွဲသဖြင့် ဒေသခံပြည်သူ ၂ ဦးသေဆုံး

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်အတွင်း ကေအင်န်ယူ၊ တမဟ(၃)၊ ရင်း(၈)အဖွဲ့မှ ထောင်ထားသည့် ကားမိုင်းဟုယူဆရသော ဒေသန္တရကားမိုင်း ၁ လုံး နင်းမိပေါက်ကွဲသဖြင့် ဒေသခံပြည်သူ ၂ ဦးသေဆုံး 



နေပြည်တော်၊ မတ် - ၁ 

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ ခဲဒိုကျေးရွာအုပ်စု၊ မူသဲကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူး စောခင်သန်းမူ နှင့် ၁၀ ဦးသည် ကျောက်ကြီးမြို့၌ ဈေးဝယ်ရန် အတွက် ဆိုင်ကယ် ၅ စီးဖြင့် သွားရောက်စဉ် နံနက် ၈ နာရီခွဲအချိန်ခန့်တွင် မူသဲရွာ၏ အနောက်ဘက် ၃ မိုင်ခန့်အကွာ ကားလမ်းမပေါ်၌ ကားမိုင်း ၁ လုံး နင်းမိပေါက်ကွဲခဲ့ရာ မူသဲရွာနေ စောလေးဖားစေး ၂၃ နှစ်၊ (ဘ) စောလယ်ဝါးစေး နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး၏ သမီးဖြစ်သူ နော်မေရှမ်း ၂၀ နှစ်၊ (ဘ) စောခင်သန်းမူ တို့သည် ပြင်းထန်သော မိုင်းထိ ဒဏ်ရာများဖြင့် ဖြစ်စဉ်နေရာ၌ သေဆုံးခဲ့ကြောင်း သိရှိရသည်။ 

အဆိုပါ အပြစ်မဲ့ဒေသခံပြည်သူလူထုများ ထိခိုက်သေဆုံးခဲ့သည့် မိုင်းဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော်မှ လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်သွားမည် ဖြစ်ပြီး ကေအင်န်ယူ၊ တမဟ(၃)နှင့် ကေအင်န်ယူဗဟိုသို့လည်း သတိပေးကန့်ကွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ 

Post a Comment

0 Comments