တစ်လအတွင်း ကမ္ဘာ့ရေနံစိမ်းဈေးနှုန်း အမေရိကန်ဒေါ်လာ ၁၀ ဒေါ်လာဝန်းကျင်မြင့်တက်

 



ရန်ကုန်၊ စက်သုံးဆီ

တစ်လအတွင်း ကမ္ဘာ့ရေနံစိမ်းဈေးနှုန်း အမေရိကန်ဒေါ်လာ ၁၀ ဒေါ်လာဝန်းကျင်မြင့်တက်လာကြောင်း စက်သုံးဆီအရောင်းဆိုင်များမှ သိရသည်။ ဇန်နဝါရီ ၂၅ ရက်က ကမ္ဘာ့ရေနံစိမ်းတစ်စည်လျှင် အမေရိကန် ဒေါ်လာ ၅၂ဒသမ ၂၆ ဒေါ်လာသာရှိရာမှ ဖေဖော်ဝါရီ၂၃ ရက်တွင် အမေရိကန်ဒေါ်လာ  ၆၂ဒသမ ၇၂ ဒေါ်လာ အထိ မြင့်တက်လာခြင်းဖြစ်သည်။

COVID-19 ရောဂါစတင်ဖြစ်ပွားစဉ်က ကျဆင်းခဲ့သည့် ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းသည် လတ်တလောတွင်  အမြင့်ဆုံးအထိပြန်လည်မြင့်တက်လာခြင်းဖြစ်ပြီး ပြည်တွင်းငွေလဲနှုန်းမှာလည်း ဖေဖော်ဝါရီ ၂၃ ရက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ပြင်ပပေါက်ဈေး ငွေကျပ် ၁၄၅၅ ကျပ် ရှိလာသည်။

ထို့ပြင် ဇန်နဝါရီလက ရန်ကုန်စက်သုံးဆီဈေးကွက်အတွင်း ၉၅  တစ်လီတာလျှင် ငွေကျပ် ၅၈၈ ကျပ်၊ ၉၂ တစ်လီတာလျှင် ငွေကျပ် ၅၇၀၊ ပရီမီယမ်ဒီဇယ်တစ်လီတာလျှင်  ငွေကျပ်  ၅၈၅  ကျပ်နှင့်  ဒီဇယ်တစ်လီတာ လျှင် ငွေကျပ် ၅၈၀ ရှိကြောင်း သိရသည်။

ဖေဖော်ဝါရီ ၂၃ ရက်တွင် ရန်ကုန်စက်သုံးဆီဈေးကွက်အတွင်း ၉၅ တစ်လီတာလျှင် ငွေကျပ် ၈၁၂ ကျပ်၊ ၉၂ တစ်လီတာလျှင် ငွေကျပ် ၇၉၂ ကျပ်၊ ပရီမီယမ်ဒီဇယ်တစ်လီတာလျှင် ငွေကျပ် ၈၀၂ ကျပ်နှင့် ဒီဇယ် တစ်လီတာလျှင် ငွေကျပ် ၇၉၂ကျပ် အထိရှိကြောင်း သိရသည်။  

နေနေ

Post a Comment

0 Comments