အဖျက်အမှောင့်လုပ်ငန်းများကို မင်းမဲ့စရိုက်ဆန်စွာဖြင့် အရှိန်အဟုန်မြှင့်ဆောင်ရွက်လာသဖြင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့်လုံခြုံရေးတပ်ဖွဲ့ဝင်များက တရားဥပဒေစိုးမိုးရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိ




 

အဖျက်အမှောင့်လုပ်ငန်းများကို မင်းမဲ့စရိုက်ဆန်စွာဖြင့် အရှိန်အဟုန်မြှင့်ဆောင်ရွက်လာသဖြင့် 

အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့်လုံခြုံရေးတပ်ဖွဲ့ဝင်များက တရားဥပဒေစိုးမိုးရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိ 

နေပြည်တော် ဖေဖော်ဝါရီ ၂၈ 

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ အတွင်းတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးအတွက် အများပြည်သူလူထု၏ လိုလား 
ချက်နှင့်အညီ လိုအပ်သည့် အမိန့်၊ ညွှန်ကြားချက်များအား ထုတ်ပြန်ကြေညာပြီး ပြည်သူလူထုသို့အသိပေးကြေညာချက် 
ထုတ်ပြန်ခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိသည်။ 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်တွင် နိုင်ငံတော်ဆန့်ကျင်ရေးကို ဦးစီးဆောင်ရွက်နေသောအဖွဲ့အစည်းများအနေ 
ဖြင့် ှသခငေူ နြိငေ များမှ လှုံ့ဆော်ခြင်း၊ ကွန်ရက်များဖွဲ့စည်း၍ လူငယ်ထုအား သွေးထိုးလှုံ့ဆော်ကာ ရှေ့တန်းတင်လာ 
ခြင်း၊ လူငယ်စုအား ခြိမ်းခြောက်အကျပ်ကိုင်ခြင်းဖြင့် အဖျက်အမှောင့်လုပ်ငန်းများမင်းမဲ့စရိုက်ဆန်စွာဖြင့် နိုင်ငံတော်အတွင်း နေရာဒေသအချို့တွင် နိုင်ငံတော်ဆန့်ကျင်ရေးအတွက် အရှိန်အဟုန်မြင့်မားစွာကြိုးစားဆောင်ရွက်လာနေသည်ကို တွေ့ရှိရပြီး အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်လည်း တရားဥပဒေစိုးမိုးရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက် နေ့လယ်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်းမြို့နယ် အထွေထွေ 
အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် လူစုလူဝေးများဖြစ်ပွားခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက အသံမြည်ဗုံး၊ (.၁၂)ဗို့ပြောင်းချောသေနတ်တို့ဖြင့် ပစ်ခတ်လူစုခွဲခဲ့ရပြီး ဆူပူအော်ဟစ်ဆန္ဒပြသူ အမျိုးသားငါးဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ရသည်။ 
အလားတူ ရန်ကုန်တိုင်းဒေသကြီး သာကေတအတွင်း ရှုခင်းသာလမ်း၊ သင်္ဃန်းကျွန်း ငမိုးရိပ်လမ်း၊ ုဇြ ဘဏ်ရှေ့၊ 
လှိုင် အင်းစိန်လမ်းမ၊ စီးပွားရေးဘဏ်ရှေ့၊ ကမာရွတ်လှည်းတန်းဈေးရှေ့၊ လှည်းတန်း မာလာဆောင်ရှေ့၊ ကြည့်မြင်တိုင် တိုင်းပညာရေးမှူးရုံးရှေ့၊ ရန်ကင်း(၁၄) ရပ်ကွက်၊ အောင်ဇေယျလမ်း၊ ကျောက်တံတားတော်ဝင်ခုံးကျော်တံတားတို့တွင် လူစုလူဝေးများဖြစ်ပွားခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက အသံမြည်ဗုံး၊ (.၁၂)ဗို့ ပြောင်းချောသေနတ်၊ မျက်ရည်ယိုဗုံးတို့ဖြင့် ပစ်ခတ်လူစုခွဲခဲ့ရပြီး ဆူပူအော်ဟစ်ဆန္ဒပြသူ အမျိုးသား ၇၈ ဦး၊ အမျိုးသမီး ၂၄၄ ဦး စုစုပေါင်း ၃၂၂ ဦးတို့ကို 
ဖမ်းဆီးထိန်းသိမ်းခဲ့ရသည်။ 

အလားတူ မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်နှင့် မဟာအောင်မြေမြို့နယ်တို့တွင် လူစုလူဝေးများဖြစ်ပွားခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက လူစုခွဲခဲ့ရသည်။အလားတူ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့၊ ပြည်မြို့နှင့် တောင်ငူမြို့တို့တွင် လူစုလူဝေးများဖြစ်ပွားခဲ့၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက အသံမြည်ဗုံး၊ (.၁၂)ဗို့ ပြောင်းချောသေနတ်၊ 
မျက်ရည်ယိုဗုံး၊ မီးခိုးဖြူဗုံးတို့ဖြင့် ပစ်ခတ်လူစုခွဲခဲ့ရပြီး ဆူပူအော်ဟစ်ဆန္ဒပြသူ အမျိုးသား ၁၀ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ရသည်။ 

ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နှင့် မုံရွာမြို့တို့တွင် လူစုလူဝေးများဖြစ်ပွားခဲ့၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက အသံမြည်ဗုံး၊ (.၁၂)ဗို့ ပြောင်းချောသေနတ်၊ မျက်ရည်ယိုဗုံးတို့ဖြင့် ပစ်ခတ်လူစုခွဲခဲ့ရပြီး ဆူပူအော်ဟစ်ဆန္ဒပြသူ အမျိုးသား ၂၇ ဦး၊ အမျိုးသမီး ၂၃ ဦး စုစုပေါင်း ၅၀ ဦးတို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့ရသည်။ 

အလားတူ မကွေးတိုင်းဒေသကြီး မကွေးမြို့၊ ပခုက္ကူမြို့နှင့် ဂန့်ဂေါမြို့တို့တွင် လူစုလူဝေးများဖြစ်ပွားခဲ့၍ လုံခြုံရေး 
တပ်ဖွဲ့ဝင်များက အသံမြည်ဗုံး၊ (.၁၂)ဗို့ ပြောင်းချောသေနတ်၊ မျက်ရည်ယိုဗုံး၊ မီးခိုးဖြူဗုံးတို့ဖြင့် ပစ်ခတ်လူစုခွဲခဲ့ရပြီး ဆူပူ 
အော်ဟစ်ဆန္ဒပြသူ အမျိုးသား ၅၈ ဦး၊ အမျိုးသမီးသုံးဦး စုစုပေါင်း ၆၁ ဦးတို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့ရသည်။ 

အလားတူ ဧရာဝတီတိုင်းဒေသကြီးပုသိမ်မြို့၊ မြောင်းမြမြို့၊ မအူပင်မြို့၊ လပွတ္တာမြို့နှင့် အင်္ဂပူမြို့တို့တွင် လူစုလူဝေးများဖြစ်ပွားခဲ့၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက အသံမြည်ဗုံး၊ (.၁၂)ဗို့ ပြောင်းချောသေနတ်၊ မျက်ရည်ယိုဗုံးတို့ဖြင့် ပစ်ခတ်လူစုခွဲခဲ့ရပြီး ဆူပူအော်ဟစ်ဆန္ဒပြသူ အမျိုးသား ၄၉ ဦး၊ အမျိုးသမီး ၂၉ ဦး စုစုပေါင်း ၇၈ ဦးတို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့ရသည်။ 

အလားတူ တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့၊ မြိတ်မြို့၊ ထားဝယ်မြို့နှင့် ပုလောမြို့တို့တွင်လည်း လူစုလူဝေးများဖြစ်ပွားခဲ့၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက အသံမြည်ဗုံး၊ (.၁၂)ဗို့ ပြောင်းချောသေနတ်၊ မျက်ရည်ယိုဗုံး၊ မီးခိုးဖြူဗုံးတို့ဖြင့် ပစ်ခတ်လူစုခွဲခဲ့ရပြီး ဆူပူအော်ဟစ်ဆန္ဒပြသူ အမျိုးသားလေးဦး၊ အမျိုးသမီးတစ်ဦး စုစုပေါင်းငါးဦးတို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့ရသည်။ 

အလားတူ ရှမ်းပြည်နယ် တောင်ကြီးမြို့နှင့် လားရှိုးမြို့တို့တွင် လူစုလူဝေးများဖြစ်ပွားခဲ့၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက 
အသံမြည်ဗုံး၊ (.၁၂)ဗို့ပြောင်းချောသေနတ်၊ မီးခိုးဖြူဗုံးတို့ဖြင့် ပစ်ခတ်လူစုခွဲခဲ့ရပြီး ဆူပူအော်ဟစ်ဆန္ဒပြသူ အမျိုးသား ခြောက်ဦး၊ အမျိုးသမီးတစ်ဦး စုစုပေါင်း ခုနစ်ဦးတို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့ရသည်။ 

အလားတူ ကရင်ပြည်နယ် ဘားအံ၊ ကော့ကရိတ်နှင့် မြဝတီမြို့တို့တွင် လူစုလူဝေးများဖြစ်ပွားခဲ့၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက (.၁၂)ဗို့ပြောင်းချောသေနတ်၊ မီးခိုးဖြူဗုံးတို့ဖြင့် ပစ်ခတ်လူစုခွဲခဲ့ရပြီး ဆူပူအော်ဟစ်ဆန္ဒပြသူ အမျိုးသား ၁၆ ဦး၊ အမျိုးသမီး ၁၁ ဦး စုစုပေါင်း ၂၇ ဦးတို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့ရသည်။ 

အလားတူ မွန်ပြည်နယ် မော်လမြိုင်မြို့၊ သထုံမြို့၊ သံဖြူဇရပ်မြို့နှင့် ရေးမြို့တို့တွင် လူစုလူဝေးများဖြစ်ပွားခဲ့၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက အသံမြည်ဗုံး၊ (.၁၂)ဗို့ ပြောင်းချောသေနတ်၊ မျက်ရည်ယိုဗုံး၊ မီးခိုးဖြူဗုံးတို့ဖြင့် ပစ်ခတ်လူစုခွဲခဲ့သည်။ 
အလားတူ ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်တွင် လူစုလူဝေးများဖြစ်ပွားခဲ့၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက လူစုခွဲခဲ့ရပြီး ဆူပူ 
အော်ဟစ်ဆန္ဒပြသူ အမျိုးသား သုံးဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ရပါသည်။ 

အလားတူ ချင်းပြည်နယ် ဖလမ်းမြို့တွင်လည်း လူစုလူဝေးဖြစ်ပွားခဲ့၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက အသံမြည်ဗုံး၊ (.၁၂) 
ဗို့ပြောင်းချောသေနတ်တို့ဖြင့် ပစ်ခတ်လူစုခွဲခဲ့ရပြီး ဆူပူအော်ဟစ်ဆန္ဒပြသူ အမျိုးသား သုံးဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ရသည်။ 
နိုင်ငံတော်အား ဆန့်ကျင်သောအဖွဲ့ အစည်းများအနေဖြင့် လူစုလူဝေးအချို့အား စည်းရုံးလှုံ့ဆော်ကာ လုံခြုံရေးတပ်ဖွဲ့ဝင်များကို ရန်သူသဖွယ်သဘောထား၍ ထိခိုက်ဒဏ်ရာရရှိစေခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအားဖမ်းဆီး၍ လက်နက်များကိုသိမ်းဆည်းခြင်း၊ အများပြည်သူအသုံးပြုသည့် လမ်းကြောင်းများကို အကာအရံအတားအဆီးများအသုံးပြု၍ နည်းမျိုးစုံပိတ်ဆို့ကာ လူငယ်များအား ရှေ့တန်းတင်၍ မင်းမဲ့စရိုက်ဆန်စွာပြုလုပ်နေကြကြောင်း တွေ့ရှိရသည်။ 
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ထိခိုက်ဒဏ်ရာရရှိမှုအနည်းဆုံးဖြစ်အောင် ရည်မှန်း ဆောင်ရွက်သော်လည်း အဓိကရုဏ်းဖြစ်စဉ်များအားဖြေရှင်းကြရာတွင် ထိခိုက်ဒဏ်ရာရရှိမှုပိုမိုဖြစ်ပွားစေသည့် အကွာအဝေးအတွင်း ဆောင်ရွက်ရမှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဆူပူဆန္ဒပြသူ လူစုလူဝေးအတွင်း ထိခိုက်ဒဏ်ရာရရှိမှုများဖြစ်ပွားခဲ့သည်ကိုတွေ့ရှိရသည်။ 

ယနေ့ဖြစ်စဉ်များအတွင်း အဓိကရုဏ်းနှိမ်နင်းရေးဆောင်ရွက်ရာတွင် ဆူပူဆန္ဒပြသူ လူစုလူဝေးများအနေဖြင့် နီးကပ်မှုအကွာအဝေးအတွင်း ရောက်ရှိနေမှုကြောင့် ထားဝယ်မြို့တွင် အမျိုးသားလေးဦး၊ သင်္ဃန်းကျွန်းမြို့နယ်တွင် အမျိုးသားတစ်ဦး၊ ပဲခူးမြို့တွင် အမျိုးသားနှစ်ဦး၊ ပခုက္ကူမြို့တွင် အမျိုးသားတစ်ဦးတို့ ထိခိုက်သေဆုံးမှုဖြစ် 
ပွားကြောင်းသိရှိရပြီး သေဆုံးခဲ့ရမှုများနှင့်ပတ်သက်၍ သက်ဆိုင်ရာရဲစခန်းအသီးသီးတွင် (သေမှုသေခင်း)ရေးဖွင့်ထားရှိကာ လိုအပ်သော စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။ 

ရဲပြန်ကြား 

Post a Comment

0 Comments