နေပြည်တော် ဖေဖော်ဝါရီ ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ဟွေကွယ်ကျေးရွာအုပ်စု၊ မခမ်းပေါင်ကျေးရွာ၌ တည်ထားကိုးကွယ်မည့် ''သန္တိသုခ စေတီတော်မြတ်ကြီး''အုတ်မြစ်တော်စီ မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်ပြုလုပ်ရာ သာသနာ့ဝေပုလ္လ ကျောင်းဆရာ တော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တဝိဇယအမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်မျိုးမင်းထွန်း နှင့်အဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ရပ်တော်မူ ကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တ တေဇနိယထံမှ ကိုးပါးသီလ ခံယူဆောက်တည်ကြပြီး ပရိတ်ချည်၊ ပရိတ်ပန်း၊ပရိတ်သဲ၊ ရွှေအုတ်၊ ငွေအုတ်များ ဆက်ကပ် လှူဒါန်းကြရာ သံဃာတော်များက မေတ္တသုတ်တရားတော်များ ရွတ်ဖတ်ချီးမြှင့်ကြသည်။
ထို့နောက် တိုင်းမှူးနှင့်တက်ရောက် လာကြသူများက သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြပြီး သာသနာ့ဝေပုလ္လကျောင်း ဆရာတော်ထံမှ အနုမောဒနာ တရားတော်များ နာယူ၍ သံဃာတော်များက ဇယန္တောဂါထာရွတ်ဆိုပူဇော်ကြသည်။ ယင်းနောက် သံဃာတော်များနှင့် တိုင်းမှူးက အုတ်မြစ်တော်စီခြင်း၊ အမွှေးနံ့သာရည်များ ပက်ဖျန်းခြင်းတို့ ဆောင်ရွက်ကြပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတုသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ဆက်လက်၍ တိုင်းမှူးနှင့် အဖွဲ့ဝင်များက အဆိုပါကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာ များမှ ဒေသခံ တိုင်းရင်းသားပြည်သူများအား ဘုရားဆင်းတုတော်များ လှူဒါန်းပြီး တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ
ဆောင်ရွက်ပေးနေမှုများကို ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်
ပေးခဲ့ကြောင်း သတင်းရရှိသည်။
0 Comments