နေပြည်တော် ဖေဖော်ဝါရီ ၂၅
၈-၂-၂၀၂၁ ရက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး
ကောင်စီဥက္ကဋ္ဌ ပြောကြားခဲ့သည့် မိန့်ခွန်းပါ အချက်အလက်များကို ပြည်ထောင်စုရှေ့နေချုပ်
ဒေါက်တာဒေါ်သီတာဦးက ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့်
တိုင်းဒေသကြီး/ပြည်နယ်ဥပဒေအရာရှိများအား ထပ်ဆင့်ရှင်းလင်းမှာကြားခြင်း အခမ်းအနားကို
ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါအစည်းအဝေးသို့ တိုင်းဒေသကြီးနှင့်
ပြည်နယ်ဥပဒေအရာရှိများမှ Online စနစ်ဖြင့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
0 Comments