စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၊
ကန်ထူးမတိုက်နယ်ဆေးရုံတွင် တာဝန်သိ ဆရာဝန် တစ်ဦးနှင့် ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊
အမှတ်(၄)ရပ်ကွက်ရှိ မြို့နယ်စီမံအုပ်ချုပ်ရေးမှူးရုံး ဝန်ထမ်းတစ်ဦးတို့အား CDM လှုပ်ရှားသူများက
အတင်း အဓမ္မဖိအားပေး ခြိမ်းခြောက်ပြောဆို
နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊
တန့်ဆည်မြို့နယ်၊ ကန်ထူးမတိုက်နယ်ဆေးရုံတွင် ဆေးကု သရေးတာဝန်များကို ထမ်းဆောင်နေသော
ဒေါက်တာ နေဇော်အောင်အား CDM လှုပ်ရှား သူများမှ ဆေးရုံပိတ်သိမ်းပြီး CDM လှုပ်ရှားမှုများတွင်ပါဝင်ရန်
အတင်းအဓမ္မ ဖိအားပေး ပြောဆိုခြင်း၊ လူစုလူဝေးဖြင့် ခြိမ်းခြောက်လာခြင်းတို့ကို လုပ်ဆောင်လာသဖြင့်
ဒေါက်တာ နေဇော်အောင်မှ CDM လှုပ်ရှားမှုတွင် မပါဝင်ရသည့်အကြောင်းရင်းနှင့် ၎င်း၏ တာဝန်
ထမ်းဆောင်မှုများကို ပြန်လည်ရှင်းလင်း ပြောကြားသည့် Video ရုပ်သံဖိုင်တစ်ခု လူမှု ကွန်ရက်ပေါ်တွင်
ဖေဖော်ဝါရီလ ၂၄ ရက်၌ ပျံ့နှံခဲ့ပါသည်။
အဆိုပါရုပ်သံဖိုင်တွင် CDM လှုပ်ရှားသူများသည် ကန်ထူးမ
တိုက်နယ်ဆေးရုံတွင် လူနာ များအား တာဝန်သိစွာဖြင့် ဆေးဝါးကုသပေးနေသည့် ဒေါက်တာ နေဇော်အောင်အား
ရိုင်းပျသောအပြုအမူများ၊ ရုတ်ရင်းကြမ်းတမ်းသော ပြောဆိုချက်များဖြင့် အတင်းအဓမ္မ ဖိအားပေး
ခြိမ်းခြောက်ပြောဆိုခဲ့မှုများအပေါ် ဒေါက်တာ နေဇော်အောင်မှ CDM လှုပ်ရှားမှုတွင် မပါဝင်ရသည့်
၎င်း၏သဘောထားများ၊ လက်ရှိဆေးရုံ တက်ရောက်ကုသ နေသောလူနာများ၏ ဆေးကုသမှု လိုအပ်သည့်အခြေအနေများ၊
ဆေးရုံပိတ်သိမ်းပါက ပြည်သူများ ကျန်းမာရေး အခက်အခဲဖြစ်ပေါ်လာနိုင်မည့် အခြေအနေများအား
တုံ့ပြန်မေးခွန်းများ မေးမြန်းပြီး ရှင်းလင်း ပြောဆိုခဲ့ပါသည်။
CDM
လှုပ်ရှားသူများအနေဖြင့် ဒေါက်တာ နေဇော်အောင်၏ တုံ့ပြန်မေးခွန်းများ အပေါ် အချက်ကျကျ
တုံ့ပြန်ဖြေကြားမှု မပြုလုပ်နိုင်သည့်အပြင် ရောဂါဝေဒနာခံစား နေရသော လူနာများအပေါ် စာနာစိတ်ကင်းမဲ့စွာဖြင့်
ဆေးရုံပိတ်သိမ်းရေးနှင့် ဒေါက်တာ နေဇော်အောင်အား CDM လှုပ်ရှားမှုတွင် ပါဝင်ဆောင်ရွက်ပေးရန်ကိုသာ
အတင်း အဓမ္မပြောဆိုပြီး ဒေါက်တာ နေဇော်အောင်၏ တာဝန်ထမ်းဆောင်မှုအပေါ် နှောင့်ယှက် တားဆီးခြင်း၊
လူစုလူဝေးဖြင့် ဝိုင်းဝန်းအော်ဟစ်ခြင်းနှင့် ဥပဒေမဲ့ မထေမဲ့မြင် ပြုလုပ်ခြင်းများကို
မြင်တွေ့ရပါသည်။
အဆိုပါဖြစ်စဉ်တွင်
ဒေါက်တာ နေဇော်အောင်သည် ဆေးရုံပေါ်တွင်ရှိနေသော လူနာ များအတွက် တာဝန်သိ ဆရာဝန်ကောင်းတစ်ဉီးအနေဖြင့်
ဆရာဝန်တစ်ဦး၏ ကျင့်ဝတ် သိက္ခာနှင့်အညီ စေတနာထား လုပ်ဆောင်ချက်မှာ ပေါ်လွင်နေပြီး
CDM လှုပ်ရှားသူများ အနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေး အခက်အခဲများကို မျက်ကွယ်ပြုပြီး
လူသားချင်း စာနာစိတ် ကင်းမဲ့စွာဖြင့် ၎င်းတို့ဖြစ်စေချင်သည့် CDM လှုပ်ရှားမှု အောင်မြင်ရေးအတွက်
မလုပ်သင့်မလုပ်ထိုက်သည့် လုပ်ဆောင်ချက်များကို ဥပဒေနှင့်ဆန့်ကျင်ပြီး အတင်းအဓမ္မ လုပ်ဆောင်ခြင်းဖြစ်ကြောင်း
မြင်တွေ့ရပါသည်။
အလားတူ ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊
အမှတ်(၄)ရပ်ကွက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးမှူးရုံးတွင် တာဝန်ထမ်းဆောင်နေသည့် နိုင်ငံ့ဝန်ထမ်း တစ်ဦးအား
နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရားကို လည်ပတ်မှုကို ပျက်ပြားစေလိုသူအချို့က CDM တွင်
ပါဝင်လာစေရန် ဖိအားပေးခြိမ်းခြောက် အကြပ်ကိုင်ခြင်း၊ ဆဲဆိုအော်ဟစ်ပြောဆိုနေသည့် ဗွီဒီယိုဖိုင်တစ်ခုလည်း
လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့ခဲ့သည်။
ထိုကဲ့သို့
နိုင်ငံတော်နှင့် ပြည်သူလူထုအပေါ် သစ္စာရှိစွာဖြင့် မိမိလုပ်ငန်းတာဝန်များ ကိုကျေပွန်စွာ
ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများအား ဖိအားပေးအကြပ်ကိုင်မှု ဖြစ်စဉ်များ၊ စော်ကားပြုမှုခြင်းများ၊
Social Punishment ပြုလုပ်မှုများသည် နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရား
လှည့်ပတ်မှုကို ပျက်စီးစေနိုင်ခြင်း၊ တရားဉပဒေစိုးမိုးရေးအား မထီမဲ့ မြင်ပြုလုပ်သည့်လုပ်ရပ်များဖြစ်ခြင်းတို့ကြောင့်
အများပြည်သူများအနေဖြင့် အဆိုပါ အဓမ္မ လူအုပ်စုဖွဲ့အနိုင်ကျင့်သည့် ပြုမူမှုမျိုးကို
ရှောင်ကျဉ်နိုင်ပါရန် သက်ဆိုင်ရာမှ သတိပေးနှိုးဆော်ထားပြီး ပြုလုပ်ပါက တည်ဆဲဉပဒေများနှင့်အညီ
ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဉပဒေမဲ့လုပ်ရပ်များအား သက်ဆိုင်ရာ
ဖုန်းနံပါတ် များသို့ တိုင်ကြားနိုင်ကြောင်း သတင်းရရှိသည်။
0 Comments