မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့အတွင်း လူစုလူဝေးဖြင့် မင်းမဲ့စရိုက်ဆန်စွာ ဆူပူအုံကြွသူ များအား ဥပဒေနှင့်အညီထိန်းသိမ်းဆောင်ရွက်

 



မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့အတွင်း လူစုလူဝေးဖြင့် မင်းမဲ့စရိုက်ဆန်စွာ ဆူပူအုံကြွသူ များအား ဥပဒေနှင့်အညီထိန်းသိမ်းဆောင်ရွက် 


နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၈ 

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှစ၍ နိုင်ငံတော်ကို အရေးပေါ်အခြေအနေ အဖြစ် သတ်မှတ်ကြေညာပြီးနောက်ပိုင်း ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် ပြည်သူများသို့ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အား ချိုးဖောက်သူများနှင့် CDM ပြုလုပ်ရန် နည်းအမျိုးမျိုး ဖြင့် လှုံဆော်၊ ဖိအားပေး သူများကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း အသိပေးကြေညာထားရှိပြီးဖြစ်သည်။ 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့သည် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ကြေညာ ထားရှိသည့် မြို့ဖြစ်ပြီး ယနေ့နံနက် ၈ နာရီခန့်တွင် ပခုက္ကူမြို့အတွင်းရှိ ထင်းတန်းလမ်းနှင့် တပ်မလမ်းဆုံသို့ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေလိုသူ ၁၀၀၀ ဦးခန့် စုဝေးရောက်ရှိလာခဲ့ပြီး ကြွေးကြော်သံများ ကြွေးကြော်ခြင်း၊ လှုံ့ဆော်ဆန္ဒပြခြင်း၊ ရုန်းရင်း ဆန်ခတ်ပြုမူခြင်းတို့ကို ဆောင်ရွက်လာခဲ့ကြောင်း သိရှိရသည်။ 

ယင်းသို့ ဆောင်ရွက်လျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက တည်ဆဲဥပဒေနှင့် အညီထုတ်ပြန်ထားရှိသည်များကို လေးစားလိုက်နာပြီး လူစုလူဝေးမပြုလုပ်ရန် မေတ္တာရပ်ခံ ခဲ့သော်လည်း ဆန္ဒပြလူအုပ်စုမှ လူစုခွဲခြင်းမရှိသည့်အပြင် ထင်းတန်းလမ်းနှင့် ရုပ်စုံကျောင်း လမ်းထောင့်နေရာလမ်းပေါ်တွင် အုတ်ခဲ၊ သဲ၊ ကျောက်တုံး၊ ဝါး၊ သစ်သားများဖြင့် ပိတ်ဆို့ တားဆီးကာ လုံခြုံရေးတပ်ဖွဲ့ဝင်များအား လေးဂွ၊ ကျောက်ခဲ၊ ကုန်းသီး၊ ဖန်ဂေါ်လီလုံး၊ ဂျင်ဂလိများဖြင့် ပစ်ပေါက်ခြင်းများစသည့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လာခဲ့ သဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ဆူပူအကြမ်းဖက်မှုဖြိုခွဲရေး လုပ်ငန်းစဉ်အဆင့်ဆင့် အတိုင်း ဥပဒေနှင့်အညီ အနည်းဆုံးအင်အား အနိမ့်ဆုံးအဆင့်ဖြင့် ဆန္ဒပြလူအုပ်ကြီးအား လူစုခွဲဆောင်ရွက်ခဲ့ရာ မွန်းလွဲ ၁၂ နာရီခွဲအချိန်ခန့်တွင် လူစုကွဲခဲ့သည်။ 

ထိုသို့ လူစုခွဲခြင်းဆောင်ရွက်စဉ် ဆန္ဒပြသူများအနက် အသက် ၄၀ နှစ်ခန့် အမျိုးသားတစ်ဦး .၁၂ ဗို့ရာဘာကျည်ထိမှန်သဖြင့် ဘယ်ဘက်ဆီးခုံအနီးပေါင်ရင်းသွေး ကြောပြတ်ကာ သေဆုံးခဲ့ကြောင်းနှင့် ဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာရဲစခန်းတွင် သေမှုသေခင်းဖွင့်လှစ်၍ စုံစမ်းလျက်ရှိသည်။ ထို့ပြင်ဦးဆောင်ပါဝင်သူ ၅၁ ဦးကို ဥပဒေ နှင့်အညီအရေးယူ ဆောင်ရွက်နိုင်ရေး ထိန်းသိမ်းထားရှိကြောင်း သိရှိရသည်။ 

ပြည်သူများအနေဖြင့် သွေးဆောင်စည်းရုံးသူ NLD နိုင်ငံရေးသမားများ၏ စည်းရုံးမှုအကြံဆိုးများကို လက်သင့်မခံဘဲ မိမိတို့၏ အသက်မွေးဝမ်းကြောင်းဆိုင်ရာကိစ္စရပ် များကိုသာ အေးချမ်းတည်ငြိမ်စွာ လုပ်ကိုင်ဆောင်ရွက်ကြရန်နှင့် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ အား လေးစားလိုက်နာနိုင်ပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

Post a Comment

0 Comments