နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၃
ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေး ကျောင်းများတွင် ဆွမ်းအဆင်ပြေစေရေး အတွက် တပ်မတော်(ကြည်း၊ရေ၊လေ)အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက တိုင်းစစ်ဌာနချုပ်များ အလိုက် မြို့နယ်အသီးသီး၌ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်းနှင့် နေ့ဆွမ်းဆက်ကပ် လှူဒါန်းခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊
ခိုလမ်မြို့၊ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊
ချင်းပြည်နယ်၊ မတူပီမြို့၊ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ပုသိမ်ကြီးမြို့နယ်၊
အမရပူရမြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့တို့ရှိ
ဘုန်းတော်ကြီးကျောင်းများ၊ စာသင်တိုက်များနှင့်
ဘာသာရေးကျောင်း စုစုပေါင်း ၁၇ ကျောင်းသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)
မျိုးနှင့် လှူဖွယ်ပစ္စည်းများကို လည်းကောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊
ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့၊ ရခိုင်ပြည်နယ်၊ အမ်းမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး၊
ခန္တီးမြို့၊ ချင်းပြည်နယ်၊ မတူပီမြို့၊ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊
ပုသိမ်ကြီးမြို့နယ်၊ အမရပူရမြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်တို့ရှိ ဘုန်းတော်ကြီးကျောင်းများနှင့်
သီလရှင် စာသင်တိုက် စုစုပေါင်း ၁၇ ကျောင်းရှိ သံဃာတော် များနှင့် သာသနာ နွယ်ဝင်သီလရှင်များအား
နေ့ဆွမ်းများကို လည်းကောင်း သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များ အလိုက် တိုင်းမှူးများနှင့်
တာဝန်ရှိသူများက သွားရောက်၍ ဆက်ကပ် လှူဒါန်းကြသည်။
၎င်းအပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ ဇီးဖြူကုန်းရပ်ကွက်၊ မဟာသန္တိက ရရန်အောင်မြေ ကျောင်းတိုက်နှင့် ချင်းပြည်နယ်၊ မတူပီမြို့၊ ဖနိုင်တပ်ဦးကျောင်းရှိ သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင်များအား အနောက်မြောက်တိုင်း စစ်ဌာနချုပ် နယ်မြေခံ ဆေးကုသရေးအဖွဲ့က ဆရာတော် သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင် များအား လိုအပ်သည့် ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
0 Comments